Chapter 1
"လမ်းခွဲရအောင်"
"ဘာ...စိမ်း
ဘာပြောလိုက်တယ် လမ်းခွဲရအောင်ဟုတ်လား ငါမင်းအပေါ်ဘယ်လောက်ချစ်လဲဆိုတာမင်းသိရက်နဲ့ ပြောရက်တယ်
အကြောင်းပြချက်ကဘာလဲ"
"အကြောင်းပြချက်ကတော့
ငါနောက်အပတ်လက်ထက်တော့မှာ ချေမိုး သူကနင့်ထက်သာတယ် "
"ဘာ...စိမ်း မင်းရုတ်တရက်ကြီးဘာဖြစ်တာလည်းကွာ
ဘယ်သူလဲအဲ့အကောင်က"
"ထွန်း မိသားစု ပဲ.... သူ့နာမည်က လင်းသန့်ရှိန်"
"နောက်ဆုံးတော့...မင်းက
ငွေမက်တဲ့မိန်းမပဲ "
"ဟုတ်တယ် ငါကငွေမက်တယ် ဘာဖြစ်လဲ
အချစ်က ပိုက်ဆံလောက် ငါ့ဘဝမှာ အရေးမပါဘူး"
"ဒါပေမဲ့.... ငါက သူတို့ထက်ပိုချမ်းသာတယ်လေစိမ်း"
"အဲ့တာက ရှင့်မိဘတွေ ပိုင်တာလေ ရှင်ပိုင်တာမှမဟုတ်
ရှင့်မှာ ဖြုန်းဖို့တခုပဲသိတာ ဘယချေချေ မြစ်မြစ် အလုပ်ရှိလဲ
လင်းသန့် ကသူခြေထောက်ပေါ်သူရပ်တည်ပြီးအလုပ်ကြိုးစားနေတဲ့သူလေ ရှင့်ထက်မချမ်းသာပေမဲ့ ရှင့်ထက်သာလို့ ယူလိုက်တာ"
"ဟုတ်ပြီ စိမ်း.... မင်းရဲ့ စိတ်ကို ငါသိလိုက်ပြီ
အချိန်တန်မင်းနောင်တမရပါနဲ့"
"နောင်တဆိုငါ့အတွက် ဘာမှ မရှိဘူး"
မကိုင်း တယောက်ထိုမျှသာစကားပြောပြီး ထွက်ခွာသွားလေတော့သည်...............
,..............,........
အပိုင်း - ၁
"မေမေဘာတွေချက်ပြုတ်နေတာလည်း မနက်အစောကြီး
မွေးကြိုင်နေတာပဲ"
"ဪသားရယ်
ဒီနေ့သားကိုလာ ပြီးတောင်းမယ့် သူတွေလာမှာလေသားရဲ့"
"ဗျာ....သားဘာမှမသိရပါလား
သားကိုဘာလို့ကြိုမပြောကြတာလည်း"
"သားရယ် အမေတို့လည်းဘယ်သိမလဲ...
ညကမှလမ်းပြီးဆက်သွယ်လို့သိရတာ"
"ဘယ်သူလဲဆိုတာရော မေမေတို့သိလို့လား"
"သိတာပေါ့သားရဲ......သားအဖေသူငယ်ချင်း ဦးချေမိုး ရဲ့သားတဲ့.."
"မေမေ.... သားလာတောင်းမဲ့သူကယောကျာ်လေးတယောက်နော်
ဘာလို့လက်ခံလိုက်တာလဲ"
"လက်မခံလို့မရဘူးလေသားရယ်...
အိမ်ရဲ့အခြေအနေလည်းသားသိရဲ့သားနဲ့"
"အဲ့တာသားပြောပါတယ် အဲ့တာနဲ့ပဲ့ သားတစ်ယောက်လုံးကို
အခြားတစိမ်းစီထိုးထည့်ပေးမလို့လား"
"မဟုတ်ပါသားရယ်...
သားအဖေကောင်းစေချင်လို့အကုန်စီစဥ်တာပါ"
"အင်းပါ....သားညင်းစရာတော့မရှိပါဘူး
အခုဖြစ်ပျက်နေတာတွေကို ယောက်ဖနဲ့မမကိုအကူညီတောင်းလဲရတာကို"
"အကူညီတော့မတောင်းတာမဟုတ်ဘူးသား
သားအမ နဲ့ ယောက်ဖ က အခုမှအိုးအိမ်စထူထောင်တာ ၂ နှစ်ပဲရှိသေးတယ်လေ လင်းသန့် ကလည်းအခုမှ အလုပ်လေးပြန်ပြေလည်တာ "
"ဟုတ်ပါတယ်လေ...သူတို့ကိုအပူမပေးချင်ပါဘူး"
"သားအမ ပြီးရင်လာလိမ့်မယ်နော် ခြံတံခါးဖွင့်ပေးလိုက်အုန်း
အခုညဒီမှာအိပ်မှာတဲ့"
"ဟုတ်မေမေ"
လရောင် တယောက်ကတော့ စိတ်တွေလေးလံနေရလေသည်
ဘာကြောင့်လဲဆိုတာကတော့ သူတခါမှမစဥ်းစားမိတဲ့ ယောကျာ်လေးတစ်ယောက်နဲ့ လက်ထက်ရမည်ဆိုတာပင်
လရောင်တယောက်အတွေးနဲ့သောင်တင်နေချိန်မှာ ကားသံကြားလိုက်ရသည်
လရောင်ခြံရှေ့ထွက်လာပြီ သူ့အမသွားခေါ်ရင်ထွက်လာလိုက်သည်
"ယောက်ဖ.... မင်းအမကို သေချာအပ်ခဲ့ပြီနော်
ညနေကြမှ ငါ ပြန်လာခဲ့မယ်"
"စိတ်ချသာသွား ကိုလင်းသန့် မမကို ကျွန်တော် သေချာစောင့်ရှောက်ထားမယ်"
"Ok.... အဲ့ဆိုကိုယ်သွားပြီ စိမ်း
ယောက်ဖ သွားပြီ"
လရောင် ခေါင်းသာညိမ့်ပြလိုက်သည်
"မမလာအထဲကို..."
"နေပါအုန်းမောင်လေးရဲ့ဒို့မောင်နှမနှစ်ယောက် ရေကန်နားမှာစကားပြောရအောင်နော်..."
"ဟုတ်...မမ"
"ဒါနဲ့မောင်လေးလာတောင်းမယ့်လူရောမြင်ဖူးလား"
"မမြင်ဖူးဘူးမမ...
မြင်ဖူးဖို့နေနေသာသာ နာမည်တောင်မသိဘူး"
"ဟော...အေဖကတော့လုပ်ပြီ ကိုယ့်သားကို
ဘယ်လိုလူမျိုးနဲ့ပေးစားမလို့လဲမသိဘူး"
"မမရယ်ထားလိုက်ပါ...သူတို့စိတ်ချမ်းသာရာပေါ့"
"ငါ့မောင်လေးသနားပါတယ်....
ဖေဖေတို့ကလေ"
"မမရယ် ဘာမှမပြစ်ပါဘူး
ဖေဖေတို့စိတ်ချမ်းသာသလိုလုပ်ပေါ့....
ကိုယ့်သားသမီး ကိုယ်တော့မဟုတ်တရုတ်လူနဲ့တော့မပေးစားလောက်ပါဘူး"
"အေးပါ...မောင်လေးအဆင်ပြေရင်ပြီးတာပါပဲ"
"ကဲ...သမီးကြီးရေ....အိမ်ထဲလည်းဝင်ပါအုန်း"
"ဟုတ်ပါပြီ...မာမီရေလာပါပြီ"
မာမီရဲ့ခေါ်ဆောင်မူကြောင့်
စိမ့်တို့မောင်နှမနှစ်ယောက်အိမ်ထဲသို့ဝင်လာလိုက်တော့သည်
..............................................................
"ချေမိုး....မင်ဘာဇာတ်လမ်းတွေထွင်အုန်းမလို့လဲ"
"ဘာမှမထွင်ဘူး ဒယ်ဒီ...
ကျူပ်ကို ယောကျာ်းလိုက်တောင်းပေး"
"ဘာ....ဘာပြောတယ်
မကိုင်းချေမိုး"
ဦးချေမိုးမောင်......တစ်ယောက်တော်တော်ဒေါသထွက်မသွားသည်
"မသိဘူး ဗျာ မသိဘူး ညနေကြလိုက်ခဲ့"
"လုပ်ကြ...လုပ်ကြ မင်း ကိုမွေးထားတဲ့ အဖေနဲ့အမေ ကို
ရှိတယ်လို့ရောထင်သေးလို့လား"
"ဒယ်ဒီရာ...ဘာဆိုင်လို့လည်းဗျာ
သားသွားပြီညနေကြလာခဲ့ကြ"
တောက်..... စိမ်း မင်းနဲ့ငါမကြာခင်ပြန်တွေ့ကြမယ်
မင်းကြောင့် ဒယ်ဒီရဲ့ဆူပူဒေါသဖြစ်မူကို ခံရတာ
မင်းငါ့အကြောင်းသိရမယ်...စိမ်း
"ကလင်...ကလင်"
"ဟလို.........ညို့ ပြောလေ...."
"ဟော့...ကိုယ့်အသံကြီးကဘယ်လိုကြီးလဲ
အသက်မပါဘူး"
"ညို့မျက်ဝန်း.....မင်းငါ့ကိုလာပြီ အဒွန့်မတတ်နဲ့"
"အင်းပါ....ကိုကြီးနဲ့ ညို့ကဘာမှမဆိုင်တာ"
"ငါလက်ထက်တော့မှာညို့မျက်ဝန်း......."
"ရှင်.... ညို့ ကိုဘာလို့မရွေးချယ်ရတာလဲ"
"ဒါပဲညို့မျက်ဝန်း....မင်းနဲ့ငါဆက်ပြီးစကားပြောစရာအကြောင်းမရှိဘူး"
"......"
ညို့အရမ်းဝမ်းနည်းလွန်းလှသည်.....
ညို့အပေါ်မှာ ကိုကြီးရက်စက်လွန်းလှသည်
ကိုကြီး လက်ထက်တော့မည်တဲ့လား...
ရက်စက်လိုက်တာကိုကြီးရာ......\\
အပိုင်း - ၂ ( သို့ )
ဖတ်ရတာအဆင်ပြေရဲ့လားဟင်
ပြောပေးကြပါအုန်း
[ 29.3.2025 - စနေ ]








