Co'cherry 🌸🌙 by Winnona at Inkitt
Customize readability
Aa

Co'Cherry 🌸🌙

All Rights Reserved ©

Summary

Sai Wanna Aung + Lawon Noe Ngel

Genre
Drama
Author
Winnona
Status
Ongoing
Chapters
1
Rating
n/a
Age Rating
16+

အပိုင်း ၁🌙

‎မန္တလေးမြို့ရဲ့ နာမည်ကြီးဆေးရုံတစ်ခုဖြစ်သော ဆေးရုံတစ်ခု၏ ခွဲစိတ်ခန်းတစ်ခုရဲ့ အပြင်တွင်ဖြစ်သည် ။ ခွဲစိတ်ခန်းအတွင်းမှလူနာသည် မည်မျှလောက်အန္တရာယ် ရှိနေသည်ကို အပြင်မှာစောင့်နေသော လူများ၏မျက်နှာ များကိုကြည့်ခြင်းဖြင့်သိနိုင်သည် ။ သူတို့ ဒီ‌ခွဲခန်းရှေ့မှာရောက်နေတာ အချိန်အားဖြင့်နာရီပေါင်းများစွာ ကြာနေပြီဖြစ်သည် ။အတိအကျပြောရလျှင် ၄နာရီနဲ့ ၂၀မိနစ် ကြာနေပြီဖြစ်သည်။ ခွဲခန်းရှေ့တွင် ထိုင်နေသည့် လူငယ်လေးသုံးယောက်သည် အသက် အားဖြင့် ၂၁ နှစ်သာရှိကြသေးသလို ခွဲခန်းထဲရှိ စိုးရိမ်ရသည့်လူနာသည်လဲ ၂၁နှစ်သာရှိပါသေး၏။ အထဲက သူငယ်ချင်းဖြစ်သူကိုစိုးရိမ်နေကြရသည်မို့ မျက်ရည်များဝဲနေကြသည်မှာ အသိအသာပင်။ ထိုအချိန်ခွဲခန်းတံခါးပွင့်လာသည်မို့ အားလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကာ အသည်းအသန်ထမေးကြတော့သည်။

‎" ဒေါက်တာ လူနာအခြေအနေလေး "

‎ဆရာဝန်ဟာ စိတ်မကောင်းသည့်မျက်ဝန်းတွေဖြင့် အသာအယာခေါင်းရမ်းပြီး

‎" စိတ်မကောင်းပါဘူးဗျာ ၊ ကျွန်တော်တို့အတတ်နိုင်ဆုံး ကြိုးစားပေးခဲ့ပါတယ် ၊ "

‎" ကျွန်တော်တို့သူငယ်ချင်းကိုကယ်ပေးပါဒေါက်တာရယ် "

‎" စိတ်မကောင်းပါဘူးဗျာ။ 

‎လူနာ မောင်စိုင်းဝဏ္ဏအောင် ၊ နေ့လည် ၂နာရီ ၁၅ မိနစ် မှာ ကွယ်လွန်သွားပါပြီ "

‎" ဗျာ "

‎ဗျာ ဆိုတဲ့အသံအဆုံး ပစ်လဲကျသွားသည်က ၃ယောက်လုံးပင် ။ အသိလွတ်သွားကာ ထသောင်းကျန်းသူက သူရိန်လင်းသန့် ။

‎" မဖြစ်နိုင်ဘူး ။ ခများတို့ညာနေတာ။ ငစိုင်းကဘာလို့သေရမှာလဲ "

‎" ဟျောင့် သူရိန် စိတ်ထိန်း "

‎သီဟထွန်းနှင့် ဇော်ရှိန်းခန့် ကအတင်းဝိုင်းဆွဲရတော့သည်။ ထိုမြင်ကွင်းကိုအသက်မဲ့စွာရပ်ကြည့်နေသည့် မိန်းကလေးတစ်ယောက်ကိုတော့သူတို့မမြင်ပါ။ ထိုကလေးမလေးဟာ အသက်အားဖြင့် ၁၆နှစ်သာ ရှိသေးသည်။ ခုနလေးတင်ကမှ ဆရာဝန်ကြေငြာသွားတဲ့ သေဆုံးသူ လူနာ၏ ချစ်ရသူ ။ ကြမ်းပြင်ပေါ်ပုံကနဲကျသွားသူအား ဆရာဝန်တွေပြေးပွေ့မှ သတိထားမိကြသော ကောင်လေးသုံးယောက် ။ အသိစိတ်လွတ်နေသည့် သူရိန်လင်းသန့်က ထိုကလေးမလေးအားမြင်သည်နှင့် ပြေးသွားကာ ထိုကလေးမလေး၏လက်မောင်းအား တင်းကြပ်စွာ ကိုင်ပြီး လှုပ်ရမ်းပစ်လိုက်သည် ။

‎" နင့်ကြောင့် ၊ နင့်ကြောင့် ငစိုင်းသေရတာ ၊ နင် ငစိုင်းကိုသတ်လိုက်တာ ၊ အဲ့အတွက် နင့်ဘဝတစ်လျှောက်လုံး လိပ်ပြာလုံလုံနဲ့ပျော်ခွင့်မရှိဘူး"

‎ထိုအခါမှကြောင်ကြည့်နေမိသည့် သီဟနှင့် ဇော်ရှိန်း  က သူရိန်အားလာဆွဲရတော့သည်။သီဟ က သူရိန်အားဆွဲကာတားသလို ဇော်ရှိန်းက ထိုကလေးမအား ချော့ရသည်။

‎"သူရိန် စိတ်ထိန်းဟ ၊ ငယ်လေးနဲ့မဆိုင်ပါဘူးကွာ ၊ မင်းစိတ်ကိုထိန်းပါ ၊ ငစိုင်းသာသိရင် စိတ်မကောင်းဖြစ်လိမ့်မယ်ဟ "

‎သီဟအပြောကို သူရိန်က

‎" ဘာလို့မဆိုင်ရမှာလဲ ၊ သိပ်ဆိုင်တာပေါ့ ၊ ငစိုင်းသာ သူ့ကိုတွေ့ဖို့မသွားရင် ခုလိုမဖြစ်ဘူး ။ အဲ့တာသူ့ကြောင့်"

‎" ငစိုင်းသေရတာ နင့်ကြောင့် လဝန်းနိုးငယ် ၊ တစ်သတ်လုံးနင့်ရဲထဲမှာနောင်တတွေနဲ့ရှင်သန်သွား  "

‎ထိုစကားဟာ ကလေးမလေးရဲ့ဘဝတစ်ခုလုံးကို လုံးဝကြီးရိုက်ချိုးပစ်နိုင်တယ်ဆိုတာကိုသာ ကြိုသိခဲ့ရင် သူရိန်ပြောမိခဲ့မည်မဟုတ်ပါ။တဂယ်က သူငယ်ချင်းဖြစ်သူအတွက် အရမ်းကိုယူကြုံးမရလို့ ပေါက်ကွဲရာရှာလိုက်ခြင်း။

‎"သီဟ သူရိန်ကိုခေါ်သွားတော့ "

‎ဇော်ရှိန်းမကြားရက်တော့လို့ဝင်တားလိုက်ခြင်းဖြစ်သည်။ထို့နောက် ခုချိန်ထိအသိစိတ်လွတ်နေသော သူ့ လက်ထဲက ကလေးမလေးဆီအကြည့်ပို့ကာ သက်ပြင်းချမိသည်။

‎" ငယ်လေး ၊ ငိုချင်ငိုချလိုက်ပါ ၊ ငယ်လေးနဲ့မဆိုင်ပါဘူး ၊ သူရိန်က အရမ်းစိတ်ထိခိုက်နေလို့ ပြောမိသွားတာ ငယ်လေးက နားလည်ပေးနော်။"

‎မျက်ရည်တွေအပြည့်ဖြစ်နေတဲ့ မျက်ဝန်းတွေနဲ့ မော့ကြည့်လာတဲ့ကောင်မလေးဟာ သနားစရာကောင်းလှသည်။ ငစိုင်းသာရှိနေသေးရင် သူ့ကလေးငယ်လေးကို မျက်ရည်ကျအောင်လုပ်သွားတဲ့သူရိန်ကို စိတ်တိုမှာအသေချာဖြစ်သည်။ သူ့အတွေးတို့မဆုံးခင်မှာပင် လက်ထဲသို့ပြိုကျလာသည့်ခန္ဓာကိုယ်လေးကြောင့် ဇော်ရှိန်းလန့်သွားရသည်။

‎" ငယ်လေး ၊ ငယ်လေး သတိထားအုံးလေ "

‎"လာကြပါအုံး ဒီမှာ သတိလစ်သွားလို့ "

‎သူ့အော်သံကြားသည်နှင့် ဆရာဝန်တွေသူနာပြုတွေပြေးလာကာ ငယ်လေးအားစမ်းသပ်ဖို့ခေါ်သွားကြသည်။ ဆေးရုံကုတင်ပေါ်မှာ အသိမဲ့စွာ လဲလျောင်းနေသော ကလေးမလေးအားကြည့်ကာ ဇော်ရှိန်းသက်ပြင်းတို့သာအကြိမ်ကြိမ်ချနေမိသည်။ ငစိုင်းမရှိတော့သဖြင့် သူတို့မှာ ဒီကောင်မလေးကို ညမလေးတစ်ယောက်လို စောင့်ရှောက်ပေးရမယ့်တာဝန်ရှိလာပြီ။ သူ စိတ်မနာရက် နိုင် ၊ ဒီကောင်မလေး ဘယ်လောက် အသည်းနုလဲ သူတို့သိပါသည်။ ငစိုင်းကို ချစ်တာလဲသိသည်။ ငယ်ရွယ်သူမို့ ထုတ်မပြတတ်တာမို့ မသိလျှင်မချစ်ပဲနိုင်စားနေသည်ဟုအထင်ခံရပေလိမ့်မည်။ ငယ်လေးအားကြည့်ကာ သူ့အတွေးတို့အတိတ်ဆီသို့............။

‎ငယ်လေးတို့မိသားစုနှင့် ငစိုင်းမိသားစုက လူကြီးချင်းက ငယ်သူငယ်ချင်းတွေဖြစ်သည်။

‎ငစိုင်းအဖေနဲ့ ငယ်လေးအဖေက သူငယ်ချင်း အရင်းတွေဖြစ်သည်။ ကျောင်းပြီးတော့ အဆက်သွယ်ပြတ်ကာ ငယ်လေးအသက် ၁၀နှစ် ငစိုင်းအသက် ၁၄နှစ်မှာပြန်ဆုံကြခြင်း။ ငစိုင်းနဲ့ငယ်လေးဟာ ၄နှစ်ကွာသည်။ငစိုင်းရော ငယ်လေးဟာ တစ်ဦးတည်းသော သားသမီးတွေမို့ အဖော်မက်ကြသည်။ ငယ်လေးကလဲ အစ်ကိုလိုချင်သူဖြစ်သလို ငစိုင်းကလဲ ညီမလေးလိုချင်သူမို့ သူတို့နှစ်ယောက်ဟာ မောင်နှမအရင်းတွေအလားပင်။ နှစ်တွေကြာလာလေး သံယောဇဉ်တွေတိုးလာကြသည့် နှစ်ယောက်မှာ တစ်ယောက် ကတော့မရိုးသားတော့။ ငစိုင်းအသက် ၁၈ ပြည့်ပြီးကတည်းက ငယ်လေးအပေါ်သိသိသာသာပြောင်းလဲလာခဲ့သည်။ အနေနီးစပ်ကြသည်မို့ လူငယ်လေးဟာ သူ့ညီမလေးလိုချစ်ရတဲ့ ကလေးမလေးအပေါ်  ညီမလေးလိုမဟုတ်ပဲ ချစ်ရသူ လိုမြင်လာခဲ့သည်။ ငယ်လေးကတော့ အရင်တိုင်းပင် ။ ငစိုင်းက သည်းသည်းလှုပ်အလိုလိုက်ထားသောကြောင့် ငယ်လေးက ဆိုးချင်သည်။ ငယ်လေး ဆိုးတာ တရားခံက ငစိုင်းပင်။ ငစိုင်း၏ ပြောင်းလဲမှုက မိဘတွေပါရိပ်မိလာကြတော့သည်။ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်ဆိုသည့်စကားအတိုင်း နှစ်ဖက်မိဘ သဘောတူခဲ့ကြသည်။ ငယ်လေး အသက် ၁၈ပြည့်ရင် စေ့စပ်ပေးပြီး ငစိုင်းနဲ့အတူ ဩဇီမှာ ကျောင်းသွားတက်ခိုင်းမည်။ ကျောင်းပြီးရင် လက်ထပ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ထို့ကြောင့် ဩဇီ မှာ ငစိုင်းမိဘ တွေနဲ့ ငယ်လေးမိဘတွေက ကုမ္မဏီ တစ်ခုအတူတည်ထောင်ကာ စီးပွားနယ်ချဲ့ခဲ့ကြသည်။

‎ငစိုင်းအသက် ၂၀ မှာ ငစိုင်းမိဘတွေ ဆုံးပါးခဲ့သည်။ ပြိုင်ဘက် ကုမ္မဏီ၏ကောက်ကျစ်မှုကြောင့် ငယ်လေးမိဘတွေပါ အန္တရာယ်ကြုံခဲ့ရသေးသည်။ ခုတော့ဩဇီက ကုမ္မဏီကို ငယ်လေးမိဘတွေကပဲဆက်ဦးစီးရသည်။ အရာအားလုံးကိုကြိုတွက်မိသည့် ငစိုင်းမိဘတွေက သူတို့ပိုင်ဆိုင်မှုအားလုံးကို သားနဲ့ချွေးမ မင်္ဂလာလက်ဖွဲ့အဖြစ် ပေးခဲ့သည်။ ငစိုင်းဟာ မိဘတွေဆုံးပြီးထဲ ငယ်လေးကို ပိုဂရုစိုက်သည်။ သူ့မှာ မိသားစုဆိုလို့ ငယ်လေးပဲကျန်တော့သည်ဟု အမြဲပြောကာ မျက်နှာတစ်ချက်အညှိုးမခံ။ခုငစိုင်း အသက် ၂၁ မှာ ငစိုင်းကလူ့လောကထဲကထွက်သွားသည်။ ဇော်ရှိန်းခန့် အတွေးလွန်နေတုန်း ညည်းသံသဲ့သဲ့ကြားသဖြင့် အတွေးကိုပြတ်သွားကာ ငယ်လေးကိုကြည့်မိတော့ သတိရနေပြီ။

‎"ငယ်လေး "

‎"ကိုလေးရောဟင် "

‎"ငယ်လေးရယ် "

‎"ဟင့်အင်း ၊ မဟုတ်ဘူးမလား ၊ မဟုတ်ဘူးပဲပြောပါ ကိုဇော်ရယ်၊ ငယ်လေးတောင်းပန်ပါတယ်။"

‎" ငယ်လေး အမှန်းတရားကိုလက်ခံရမယ်လေ၊ ငယ်လေးအခုလိုဖြစ်နေရင် ငစိုင်းကစိတ်မကောင်းဖြစ်လိမ့်မယ်"

‎ကြည့်ရတာ သူ့စကားဟာ အရှိက်ထိပုံရပါသည်။ ခုနကထိ ငိုနေသည့် ငယ်လေးက မျက်ရည်တွေသုတ်ပစ်ကာ ငြိမ်ကျသွားသည်။

‎ခုလိုလေးကျတော့လဲ သနားမိရပြန်သည်။

‎ငစိုင်းရဲ့ dead body ကိုထုတ်တဲ့အခါ ရင်ခွဲရုံကိုပို့လိုက်ပြီးဖြစ်တာမို့ အလွယ်တကူ မဖြစ်။  ကားaccident ကပြင်းသည့်အတွက် မျက်နှာဟာစုတ်ပြတ်သတ်နေသလို body ကလဲ ရစရာမရှိ။ အချိန်ဆွဲနေရင်မကောင်းတာမို့ တန်းသဂြိုလ်ရသည်။ သတိရလာပြီးထဲက လုံးဝစကားတစ်ခွန်းမှမပြောတော့သည့် ငယ်လေးဟာ ခုလဲ dead body ကိုကြည့်ကာတွေတွေကြီးရပ်ကြည့်နေသည်။ သက်ပျောက်ဆွမ်းသွပ်တဲ့အချိန်မှာ အမျှမဝေဖို့ထသောင်းကျန်းသူက ငယ်လေး။

‎' အမျှဝေလိုက်ရင် ကိုလေးကတဂယ်သေသွားတော့မှာ'

‎ဟုဆိုကာခေါင်းမာနေသည်မို့ ဘုန်းဘုန်းတွေက တရားဟောကာအတော်နားချယူရသည်။ သဂြိုလ်ဖို့လုပ်ပြန်တော့လဲ ငစိုင်း DB ကိုဆွဲထားကာ မလွှတ်ပေး။

‎'ကိုလေးမသေသေးဘူး၊ ကိုလေးအသက်ရှင်နေသေးတယ်လို့ သူခံစား‌လို့ရနေတယ် '

‎ဆိုပြီး အတင်းဖက်ထားသည်မို့ အတော်ကိုဆွဲလားရမ်းလားဖြစ်ကုန်ရပြန်ပါသည်။ နောက်ဆုံး အတင်းဖိချုပ်ထားမှ ငစိုင်းကိုဆွဲထားတဲ့လက်တွေက လွှတ်ပေးလာကာပြောလာသည်က အရိုးပြာယူချင်တယ်တဲ့။

‎မီးခိုးခေါင်းတိုင်မှ မီးခိုးတို့ကိုကြည့်ရင်း ငယ်လေး ထပ်ခါထပ်ခါ စိတ်ထဲမှပြောနေမိတဲ့ စကားလေးတစ်ခွန်း......

‎"ကောင်းရာဘုံဘဝရောက်ပါစေကိုကို။ ငယ်က သိပ်ချစ်တာမို့ ကိုကိုက ကောင်းရာမွန်ရာမှာ ရှိနေပေးမယ်မလားဟင် "

‎ကိုကိုတဲ့ ။ ‌သက်ရှိစဉ်က အကြိမ်ကြိမ်ခေါ်ဖို့ ပူဆာခဲ့ဖူးသော်လည်း တစ်ခါမှမခေါ်ဖြစ်ခဲ့တဲ့နာမ်စားလေး ။ ခုတော့ စိတ်ထဲကနေ အကြိမ်ကြိမ်ခေါ်နေမိတာ။ မခေါ်ခဲ့မိလေခြင်းဆိုတဲ့ နောင်တတို့က ရင်ကို ဓားနဲ့ထိုးနေသလိုမျိုး။ တစ်ခါမှ ချစ်တယ်လို့လဲ မပြောခဲ့မိဘူး။

‎' ဒီလိုခွဲရမယ်သာသိရင် အချိန်တိုင်း ချစ်တယ်လို့ ထိုင်ပြောနေမိမှာကိုကိုရယ်။ '

‎စိတ်ထဲက စကားသံတို့အဆုံး မျက်ဝန်းတို့ကို တင်းတင်းပိတ်ပစ်လိုက်သည်ဆိုရင်ပဲ မျက်ရည်မိုးတို့က သွန်းဖြိုးလာလေတော့သည်။

‎' ဝဋ်ရှိသမျှကြေပါရစေ။ ခုလိုသေကွဲက ဒီဘဝ နောက်ဆုံးဖြစ်ပါစေ။ '

‎အကြိမ်ကြိမ်ဆုတောင်းနေရင်း  စိတ်အာရုံဟာ အမှောင်အတိ နှင့်အတူ ပြိုကျသွားသော ခန္ဓာကိုယ်လေးဟာ ဖြူဖျော့လျှက်။

‎ရက်လည်ဖို့ရက်ရွေးတော့လဲ သီဟနဲ့လူကြီးတွေက ၅ရက်နဲ့လည်ဖို့ပြောပေမယ့် ငယ်လေးကလက်မခံပါ။ ၇ ရက်ထိထားပေးပါတဲ့။ မနက်ဖြန် ရက်လည်ဆို ဒီနေ့လိုညမှာ ငယ်လေးဟာ တစ်ယောက်ထဲ ငယ်လေး၁၀နှစ်သမီးမှာ နှစ်ယောက်ဆုံတဲ့ အထိန်းအမှတ်နဲ့ ငစိုင်း စိုက်ပေးခဲ့တဲ့ခြံထောင့်မှာရှိတဲ့အိမ်ရှေ့ကချယ်ရီပင်အောက်မှာ တစ်ညလုံးထိုင်နေခဲ့သည်။ ဘယ်လိုမှအိမ်ထဲခေါ်မရခဲ့။

‎' ရက်လည်ဆိုရင် ရက်မလည်ခင် ရှေ့ရက်မှာ သေဆုံးသွားတဲ့သူတွေက လာနှုတ်ဆက်တတ်တယ် '

‎လို့‌လူကြီးတွေပြောဖူးလို့ပါတဲ့လေ။ သိပ်ကိုခေါင်းမာတဲ့ကလေးမလေး။

‎‎🌙🌙🌙🌙🌙🌙🌙🌙🌙🌙🌙🌙🌙🌙🌙🌙🌙

အပိုင်း ၁ ကိုတင်နိုင်ဖို့တောင် ၃ရက်အချိန်ယူခဲ့ရပါတယ် ။ အတိတ်တွေက အသစ်ပြန်ဖြစ်သလို ခံစားရတာမို့ လက်တွေတုန်ပြီးစာရိုက်ဖို့တောင်မနည်းအားယူပြီးရိုက်ရတဲ့ထိ စိတ်တွေနာကျင်ရပါတယ် ။ ဒါ့ကြောင့် update က တစ်ပက်မှ တစ်ပိုင်းပဲတင်နိုင်မှာမို့ စာဖတ်သူတို့က နားလည်ပေးဖို့ ကြိုပြီး မေတ္တာရပ်ခံပါတယ်။

vote လေးတွေပေးခြင်း comment လေးတွေရေးခြင်းဖြင့် အားပေးနိုင်ပါတယ်ဗျ။

Let Winnona know what you thought about this chapter!
Love this

0

Love this

Funny

0

Funny

Spicy

0

Spicy

Suspenseful

0

Suspenseful

Emotional

0

Emotional

Profound

0

Profound

Heartwarming

0

Heartwarming

Shocking

0

Shocking

Good Writing

0

Good Writing

Compelling Plot

0

Compelling Plot

Great Character

0

Great Character

Strong Dialog

0

Strong Dialog

Further Recommendations

Merry Christmas - Adventskalender 2025

Aelyn Raven: Wieder eine tolle Geschichte. Leider bin ich erst jetzt dazu gekommen sie zu lesen, aber das tut der Geschichte keinen Abbruch *g* ich freue mich schon auf den nächsten Adventskalender

Read Now
Charly's Weihnachten

T.M: Ich kann es gar nicht anders sagen also ich liebe diese Geschichte einfach. Sie hat für mich einfach alles was es braucht. Sie hat mich einfach mitgenommen auf eine echt schöne Reise. Danke❤️

Read Now
My Playboy Roommate

Charlie: Eins der besten Bücher, das ich seit langem gelesen habe.Der Schreibstil ist toll und sehr emotional und geht direkt unter die Haut.Ich konnte die Verletzlichkeit und die den Schmerz von Ellie direkt fühlen.

Read Now
Bloodlines

Diana: Would recomend a good read, I like it's not to long

Read Now
Milky Treasures on a Healing Love

Ren selka: It was absolutely AMAZING I think I liked this story a little too much..! Haha..!

Read Now
Death's Shadow MC Book 1

dariwhon: Loved reading this book. Engaging plot, great characters and good writing.

Read Now
Bad Influence

Susan Morris: Loved the story! Great writing and relatable characters!

Read Now
Stripped Shadows

K.Ives: Wow! Ich musste mich jetzt beinahe 24 Stunden sammeln, um eine würdige Bewertung zu verfassen.Ich bin absolut baff – im positiven Sinne. Diese Dark Romance Geschichte hat alles, was sie braucht, um umwerfend zu sein. Starke Protagonisten plus zusätzliche perfekte Nebencharaktere. Die Geschichte ist ...

Read Now
Fated to My Ex- Best Friend

MaybeInACentury: This is probably the best book I've ever read in a really really long time. I couldn't stop once I started. Golden find. Though I do wish the story was written in present tense rather than in past tense, or had an epilogue about what is happening now, it is a masterpiece.

Read Now