ရှန်းမျန်

All Rights Reserved ©

Summary

မုကျင့်နန် x ဖန်းမျန်

Status
Ongoing
Chapters
2
Rating
n/a
Age Rating
13+

Chapter 0

ဖန်းမျန်သည် သံမဏိချောင်းထက်ပင် ပိုဖြောင့်သေးသည့် အဖြောင့်တစ်ယောက်ဖြစ်ကာ၊ မတော်တဆ ကူးပြောင်းသွားပြီးနောက် Omega တစ်ယောက် ဖြစ်သွားရချေသည်။ ဤကမ္ဘာတွင် လူတိုင်း၌ သားရဲအသွင် ကိုယ်စီရှိကြကာ၊ ချင်ချီလာရှဥ့်အနေဖြင့် ဖန်းမျန်သည် အတင်းအကျပ် လက်ထပ်ပေးခြင်းခံရပြီး၊ သူ လက်ထပ်ရမည့်သူမှာ မြွေသားရဲအသွင်ရှိသည့် အင်ပါယာ ဗိုလ်မှူးကြီး မုကျင့်နန်ဖြစ်သည်။ အများသိကြသည့်အတိုင်း မြွေနှင့် ချင်ချီလာရှဥ့်ဟူသည်မှာ သဘာဝရန်သူများဖြစ်ကြ၏။ ထို့ပြင် ဖန်းမျန်ကား အဖြောင့်တစ်ယောက် ဖြစ်နေသေးသဖြင့်၊ ထို့ကြောင့် လက်ထပ်ခံရမည်အဖြစ်အား ရှောင်ရှားရန် ဖန်းမျန်သည် ထွက်ပြေးဖို့ ဆုံးဖြတ်ချက် ချလိုက်တော့သည်။

ပုန်ကန်တပ်ဖွဲ့၏ ဆူပူအုံကြွမှုနှင့် တိုက်တိုက်ဆိုင်ဆိုင် ကြုံကြိုက်သွားကာ၊ သူသည် ဤသည်ကို အခွင့်ကောင်းယူပြီး လွတ်လမ်းရှာပြေးတော့၏။ ထွက်ပြေးနေသည့်လမ်း၌ ဒဏ်ရာရ အမျိုးသားတစ်ယောက်ကိုပင် ကောက်ရခဲ့လိုက်သည်ဖြစ်ရာ၊ ထိုသူအား Omega ဟု မှတ်ယူ၍ ဖန်းမျန်သည် စစ်ပွဲမီးတောက်များ ပြည့်နှက်လွှမ်းခြုံလို့နေသည့်မြို့တော်မှ ထိုသူနှင့်အတူ တစ်ပါတည်း ထွက်ပြေးလွတ်မြောက်လာခဲ့ချေ၏။ဖန်းမျန် : "ဘရို ငါတို့ လွတ်လပ်ပြီ!"မုကျင့်နန် : "......."နေရာအနှံ့အပြားတွင် အဓိကရုဏ်း စစ်ပွဲများဖြစ်နေသည်ဖြစ်ရာ၊ Omega အဖြစ် တစ်ယောက်တည်း လှုပ်ရှားရသည်က အလွန်အမင်း အန္တရာယ်များလှချေသည်။ ဖန်းမျန်တစ်ယောက် Alpha ဟန်ဆောင်ကာ၊ မိမိကိုယ်မိမိနှင့် အိမ်ရှိ ချူချာအားနည်းလှသည့် 'Omega' တို့အား ကျွေးမွေးစောင့်ရှောက်နိုင်ရန် ကြိုးစားပမ်းစားဖြင့် အလုပ်လုပ်ကိုင်နေချေသည်။တစ်ရက်တွင် ဖန်းမျန်တစ်ယောက် အလုပ်ကနေ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနွယ်လျက် အိမ်ပြန်လာခဲ့၏။ တံခါးဖွင့်ကြည့်မိလိုက်သည်နှင့် အိမ်ထဲ၌ ခွေကာ rut ဝင်နေသည့် အနက်ရောင် စပါးအုံးမြွေကြီးတစ်ကောင်ကို တွေ့လိုက်ရချေသည်။ဖန်းမျန် ချက်ချင်း တံခါးကို ပြန်ပိတ်လိုက်ကာ စိတ်ထဲ၌ တွေးလိုက်၏ : သေချာပေါက် ငါ တော်တော် ပင်ပန်းနေတာပဲဖြစ်ရမယ်၊ ကယောင်ချောက်ချားပါ ဖြစ်ကုန်ပြီ။တံခါးမကြီးမှာ ရုတ်တရက်ဆိုသလို ဝုန်းခနဲ ပွင့်ထွက်သွားပြီး၊ သူသည်တော့ ထူထဲမာကြောလှသည့် စပါးအုံးမြွေကြီး၏ အမြီးဖြင့် ရစ်ပတ်ခံလိုက်ရကာ၊ အိမ်ထဲသို့ တရွတ်တိုက်ဆွဲခေါ်ခံသွားရလေသည်။အေးစက်ခက်ထန်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်တဲ့ Alpha Gong X ရွှင်လန်းတက်ကြွပြီး သန်မာတဲ့ Omega Shouအနက်ရောင် စပါးအုံးမြွေကြီး X ချင်ချီလာရှဥ့်မုကျင့်နန် X ဖန်းမျန်1、 နည်းနည်း အတင်းအကျပ်ဆန်ပြီး လွန်ဆွဲပွဲ သေးသေးနဲ့၊ ဖန်စနည်းနည်းပါတဲ့ အချစ်ချိုချိုဇာတ်လမ်း။2、HE HE HE3、ကိုယ်ပိုင် အပြင်အဆင်တွေနဲ့ ကိုယ်ပိုင်စတိုင် ABO ပါ။ Interstellar ဝတ္ထုမဟုတ်ပါဘူး!4、ကံကောင်းခြင်းတွေအပြည့်နဲ့ အရာရာ အဆင်ပြေကြပါစေ။Title : Shen MianAuthor : Yang SuTotal Chapters : 60 + 2 extrasT/N: No guarantee on updates. Translated from the raw, so any mistakes are my fault. Thanks for reading~ ❤