Customize readability
Aa

Bromance

All Rights Reserved ©

Summary

Boys Love

Genre
Drama
Author
Hnaung
Status
Complete
Chapters
10
Rating
4.5 (8 reviews)
Age Rating
16+

Part-1

'နင် ဒီနှစ်ကျောင်းပိတ်ရက် ပြန်ကိုပြန်လာခဲ့ညီ၊ အခွင့်အရေးက နှစ်ခါမရဘူးနော် လူကလေး'


သူ့သူငယ်ချင်းမ ယွန်းဝတီ၏ စကားကြောင့် ဒီနှစ် ကျောင်းပိတ်ရက် မြန်မာပြည်သို့ အလည် ပြန်လာခဲ့ရသည်။ ယွန်းက သူ တစ်ဖက်သက် သဘောကျနေသူ၏ Entertainmentမှာ လက်ထောက် ဇာတ်ညွှန်းရေးဆရာမအဖြစ် လုပ်ကိုင်နေသူ ဖြစ်၏။ ထို့ကြောင့် ထိုသူနှင့်ပတ်သတ်သည့် တစ်ချို့အကြောင်းအရာတွေကို ယွန်းဆီကနေတဆင့် သိခွင့်ရသည်။


ထိုသူက VIP Entertainment၏ CEOအဖြစ် လူသိများသည့်အပြင် ထိုသူ၏ Relationshipကြောင့်လည်း လူသိများသူ ဖြစ်သည်။ အကြောင်းမှာ ထိုသူ့၏ Entertainmentမှ နာမည်ကြီးသရုပ်ဆောင် အမျိုးသမီး မုဏ်းစုက ထိုသူ၏ Girlfriend ဖြစ်နေ၍။


သူတို့အတွဲက လိုက်ဖက်ညီလွန်းသည့် စုံတွဲအဖြစ် အနုပညာလောကမှာတင်မကဘဲ မင်းသမီး၏ ပရိသတ်အများကြားတွင်လည်း နာမည်ကြီး၏။ ယွန်းပြောသည့် အတွင်းစကားအရ နှစ်ယောက်က အောင်မြင်ကျော်ကြားပြီး အရည်အချင်းရှိတာချင်းလည်း တူသဖြင့် မာနချင်းပြိုင်ဆိုင်ကြရင်း Relationship မှာ အထိအခိုက်များလာသည်တဲ့။ အခုလည်း နှစ်ယောက်က Breakထားကြသည့် အနေအထား။


ထိုဖြစ်စဉ်က တစ်နှစ်မှာ အနည်းဆုံး 4ခါလောက်ဖြစ်တတ်ပြီး တစ်ခါ Breakရင် သုံးလလောက် ကြာတတ်သည်တဲ့။ ဒါဆို သူတို့အဆင်ပြေသည့်အချိန်က ဘယ်မှာလဲ။ ပြီးတော့ ထိုသူ့အနား ရောက်လာသူများကို မင်းသမီးက စိတ်မဝင်းစားပါတဲ့။ အကြောင်းက ထိုလူ နောက်ဆုံးရွေးချယ်သူက သူမ ဖြစ်နေ၍။


အခုလည်း ညီက ရလာသည့်အခွင့်အရေးကို လက်တွေ့ အသုံးချရမှာဖြစ်သည်။ တစ်ဖက်က Straightမို့ အလုပ်ဖြစ်မှာ မဟုတ်ဘူးဆိုတာကိုလည်း ရိပ်မိနေ၏။ သူ့စိတ်အတိုင်းဆို တိတ်တဆိတ် သဘောကျရုံကလွဲပြီး ဘာမှ ဆက်လုပ်ဖြစ်မှာမဟုတ်။ ယွန်းကမရ။ သူ့ကိုလည်း ကြိုးစားခွင့်ရှိသည်ဟု ဆိုသည်။


ပြီးတော့ ထိုသူ၏ Toxic Relationshipကို အဆုံးသတ်ပေးနိုင်ဖို့ နောက်ထပ် လူတစ်ယောက်လိုအပ်သည်တဲ့။ တခြားသူတွေတော့ အလုပ်ဖြစ်ဟန်မတူ။ သူလည်း မထင်ပါ။ ဒါပေမဲ့ သူ့ဘက်က ရှေ့တစ်လှမ်းစ,တိုးကြည့်ဖို့ ဖြစ်လာ၏။ သူ့အတွက်က ထိုလူနဲ့ သိကျွမ်းခွင့်ရရင်ပဲ ကျေနပ်နိုင်ပါသည်။


ရုတ်တရက် ယွန်းဆီက ဖုန်းCallဝင်လာသဖြင့် ထိတ်ခနဲ တစ်ချက်ဖြစ်သွား၏။ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက တစ်ခါပဲဆုံဖူးပြီး အဲ့ဒီနောက်ပိုင်း တစ်ခါမှမဆုံဖြစ်သည့် ထိုလူနှင့် ဆုံခွင့်ရဖို့ စက္ကန့်ပိုင်းသာ လိုတော့၍။


"ပြော ယွန်း"


"သူ အခုထွက်လာပြီနော် ညီ၊ နင့်ဘက်က အဆင်သင့် ပြင်ထားတော့၊ သေချာလုပ်နော်"


"သူ ငါ့ကို သတိထားမိပါ့မလား"


"နင့်အပေါ်မှာ မူတည်တယ်‌လေ ဪ၊ အရင်ကြိုးစားကြည့်စားပါ"


"ဒါပေမဲ့....."


တီ! တီ! တီ!


ဖုန်းကျသွားသည်နှင့် Entertainment အဆောက်အဦးထဲမှ လူတစ်စု ထွက်လာသည်။ Suitအပြည့် ဝတ်ဆင်ထားပြီး ခြေလှမ်းကျဲကျဲဖြင့် ရှေ့ဆုံးမှ လမ်းလျှောက်လာသူကို မြင်တော့ Steeringကို ကိုင်ထားသည့် ညီ့လက်တွေ အနည်းငယ် တုန်ရီသွား၏။ 10စုနှစ်တစ်ခုစာ တိတ်တဆိတ် သဘောကျခဲ့ရသူကို မျက်ဝါးထင်ထင် မြင်‌ခွင့်ရသည့် ခံစားချက်က ကတုန်ကယင်ကြီး ဖြစ်နေသည်။


မျက်နှာအမူအရာက မတည်မတင်းဆို‌ပေမဲ့ ထိုသူ၏ ချောမောခန့်ညားမှုက ပျောက်ပျက်မသွား။ 10နှစ်ဆိုသည့်ကာလက ထိုလူ့ကို ရင့်ကျက်တည်ငြိမ်မှုနှင့် ချောမောခန့်ညားမှုတွေ ပုံ‌ပေးလိုက်ပုံရသည်။ ကားထဲမှ ကိုယ့်ကို သူက လှမ်းမမြင်ပေမဲ့ အနားရောက်လာလေလေ ကြည့်ဖို့ မဝံ့မရဲဖြစ်လာလေပင်။ တစ်ယောက်တည်း တစ်ဖက်သတ် စိတ်ခံစားချက်တွေ ပြင်းထန်နေတာ အနည်းငယ်တော့ ကသိကအောက်နိုင်၏။


သူက လမ်းလျှောက်လာရင်း သူ့ဘေးမှလူကို တစ်ခုခုမှာကြားပုံရသည်။

သူ့ဘေးမှ လူတစ်ချို့ အဆောက်အဦးထဲကို ပြန်ဝင်သွားသည်နှင့် သူကလည်း သူ့ကားရှိရာသို့ ခပ်သွက်သွက် လျှောက်ထွက်သွား၏။ ညီ သူ့လှုပ်ရှားမှုမှန်သမျှကို တိတ်တဆိတ် လိုက်ကြည့်နေမိသည်။ ခဏအကြာ သူ့ကားက အလျှင်စလို ခေါင်းလှည့်ထွက်ဖို့လုပ်သည်။ ညီလည်း ပါကင်ကနေ လှစ်ခနဲ Backပြန်ထွက်သည်နှင့်.....


"ကျွိ!"


ညီ့ကား‌နောက်ပိုင်းကို တစ်ဖက်ကားက ဒုန်းခနဲ ဝင်တိုက်မိတာ ဖြစ်သည်။ ဒီအထိ‌တော့ ယွန်းအစီအစဉ်က အလုပ်ဖြစ်နေသားပဲ။ တစ်ဖက်ကားထဲက သူထွက်လာတာကိုမြင်ပြီး ညီ့လက်တွေ တုန်နေသည်။ သူက စိတ်မရှည်သလို မျက်ခုံးတွေ တွန့်ချိုးထားရင်းနဲ့ ညီ့ကားဆီကို တည်တည်ငြိမ်ငြိမ် လျှောက်လာ၏။


ညီ အပြင်ထွက်မလာတော့ မှန်တံခါးကို ခေါက်လာပြီး လက်ဟန်နှင့် ဆင်းလာခဲ့ဖို့ပြောသည်။ လက်ကနာရီကို ငုံ့ကြည့်ပြီး ကျစ်ခနဲ စုတ်သပ်လိုက်တာကိုလည်းတွေ့၏။ ယွန်းပြောသလို လိုက်လုပ်မိတာတော့ မှားပြီ ထင်သည်။ နောက်တစ်ကြိမ် ကားမှန်ကို ထပ်ခေါက်လာသဖြင့် ညီကားပေါ်မှ ဆင်းဖို့လုပ်ရသည်။


ကားထဲက ညီထွက်လာတော့ မျက်ခုံးတစ်ချက်ပင့်သွားပြီးမှ တစ်ခုခုကိုစဉ်းစားသလို ပြုမူ၏။ ပြီးတော့ ညီ့ကို Smile Lineတွေ ပေါ်လာသည်အထိ တည်တည်ငြိမ်ငြိမ် ပြုံးပြလာသည်။ ညီ ကြောင်တောင်တောင်နှင့် သူ့ဘေး အသာသွားရပ်လိုက်ရ၏။ သူနဲ့ ဘေးချင်းယှဉ်ရပ်လိုက်မှ ခန္ဓာကိုယ်ချင်းက အတော်လေး ကွာနေတာကို တွေ့ရသည်။


သူက ညီ့ထက် ခေါင်းတစ်လုံးစာလောက် ကြောနေတာပင်။ ကြည်လင်သော အသားအရည်နှင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံက အနီးကပ်ကြည့်မှ Smartကျသော ယောကျာ်းတစ်ယောက်၏ အသွင်အပြင်မှန်း ပို၍ သိသာထင်ရှားလာသလိုပင်။ ပြီးတော့ သူ့ဆီမှာ အသက်30ဝန်းကျင်အရွယ် ယောက်ျားတစ်ယောက်၏ တည်ငြိမ်ရင့်ကျက်မှုတွေလည်း ရှိနေ၏။


စနစ်တကျ ပုံသွင်းထားသည့် ဆံပင်က နဖူးပေါ် ဟိုတစ်စ သည်တစ်စ ကျနေသေးသည်။ စိမ်းညှို့သော မျက်ခုံးတန်းထူထူတွေအောက်မှ တည်ငြိမ်လေးနက်‌သော မျက်ဝန်းနက်နက်တွေ။ ထိုမျက်ဝန်းအစုံက ညီ့ကို သေချာအကဲခတ်ကြည့်နေကြပြီး ပိရိသေသပ်သော နှုတ်ခမ်းလွှာတွေကလည်း ဆက်လက် ပြုံးထားတုန်းပင်။


"ကျွန်တော် ....."


"မင်း ကားမောင်းဖို့ အသက်ရော ပြည့်ပြီလား ချာတိတ်"


တည်ကြည် နက်ရှိုင်းသော အသံက ညီ့နားထဲ ပဲ့တင်ထပ်သွား၏။ တိတ်ဆိတ်သော ပတ်ဝန်းကျင် အနေအထားကြောင့် ညီ ကိုယ့်စိတ်ကို မလုံသလို ခံစားလာရသည်။ မဟုတ်တာ လုပ်ထားမိတာကို တစ်ဖက်လူ ရိပ်မိသွားတာများလား။


"မင်းကို အသက်ပြည့်ပြီးပြီလား မေးနေတာ မဖြေသေးဘူး"


သူ့အသံက မာသည် ပြောမရပေမဲ့ အမိန့်သံတော့ နည်းနည်းပါသည်။ ညီ သူ့ကိုမော့ကြည့်တော့ စိတ်ကို ဆွဲဆန့်ထားသလိုမျိုး မျက်ခုံးထပ်ပင့်ပြလျှင်.....


"ကျွန်တော် အသက် ပြည့်ပြီးပါပြီ"


ညီ့ပုံစံက လူကောင်သေးသေး၊ အသားဖြူဖြူဖြစ်သည့်အပြင် အရပ်ကလည်း 5ပေ7မို့ ယောက်ျားတစ်ယောက်အနေနဲ့ဆိုလျှင် သိပ်အမြင့်ကြီးထဲ မပါပေ။ တီရှပ်အပွနှင့် Short Pantဝတ်ထားမိသည့်အပြင် မျက်မှန်ပါတပ်ထားသဖြင့် ကလေးလို ဖြစ်နေသလား မပြောတတ်။


"Sorry! ၊ ကိုယ်လည်း အလျှင်စလို ထွက်လာလိုက်မိတယ်၊ မင်းကားကို ကိုယ် ကြည့်ပြီးပြီ၊ ဘာမှမဖြစ်ဘူး"


"ဗျာ!"


"မင်းကား တစ်ခုခု ဖြစ်သွားမှာ စိုးနေတာမလား၊ ဒီကောင်တွေက တမင်ဝင်တိုက်ရင်တောင် ဘာမှ မဖြစ်ဘူး"


"ဪ....."


သောက်ကျိုးနည်း Macedies Benzကိုမှ ယူမောင်းလာမိတာပဲ။


"ကားကောင်းစီးရင် ကားမောင်းတာလည်း ဂရုစိုက် ချာတိတ်၊ ဒီတစ်ခေါက်က မင်းမှားတာ"


"အာ.... Sorry! "


"ကိစ္စမရှိဘူး၊ ဒါနဲ့ ဒီမှာ အသိရှိတာလား"


"သူငယ်ချင်း ရှိပါတယ်"


"ဪ..... သူငယ်ချင်း ရှိတာလား၊ ကိုယ်သွားစရာရှိသေးလို့ ခွင့်ပြုဦး"


ညီ သူကားပေါ် ပြန်တက်သွားပြီး မောင်းထွက်သွားသည်အထိ သည်အတိုင်း ရပ်ကြည့်နေမိသည်။ အခုကလူကို သတိထားမိသွားတာလား၊ မထားမိတာလား။ ဘာအခြေအနေကြီးလဲ။


ညီကားပေါ်ရောက်သည်နှင့် ယွန်းဆီ ဖုန်းပြန်ခေါ်လိုက်လျှင်


"အခြေအနေ လူကလေး"


"နင်ပြောသလိုပဲ ယွန်း၊ ငါ့ကားကို ဝင်တိုက်တဲ့အထိက အစီအစဉ်ကျတယ်"


"ဒါပဲလေဟဲ့၊ နင့်ကို မှတ်မိသွားသေးလား၊ ငယ်ငယ်က စာဂျပိုးလေးမှန်း"


"မမှတ်မိဘူး၊ ငါပြောလို့ မပြီးသေးဘူး ယွန်း"


"ပြော လူကလေး"


"ငါ့ကို အဲ့လိုကြီး မခေါ်နဲ့ကွာ"


"ဟဲ့ ငါခေါ်နေကျကို ခုမှ ဘာထဖြစ်တာ"


"ငါ့ပုံစံက ကလေးပုံစံ ပေါက်နေလို့လား"


"နည်းနည်းပါ..... နင်က ခုမှ ဘာထဖြစ်တာလဲလို့...."


"ငါ့ကိုကွာ ကျစ်! ကားမောင်းဖို့ အသက်ပြည့်ပြီလားလို့ မေးသွားတယ်"


"အဲ့လိုကြီးမေးတယ်၊ ဒါဆို သူ နင့်ကို မမှတ်မိဘူးပေါ့ အဟက်! ဟား! ဟား! ဟား!"


"ယွန်း....."


"ဟဲ့ ဒါကြီးက သောက်ရမ်း ရယ်ရတယ်မဟုတ်ဘူးလား၊ နင့်ကို ဟိုက ကလေးဇာတ်သွင်းသွားတာလေ..... ဟက်! ဟက်! ဟက်!"


"ငါက အကောင်းပြောနေတာ"


"ဒါပေမဲ့ ရယ်ရတယ်လေ"


"သူကားက ငါ့ကားကို ဝင်တော့ တိုက်တယ်ကွာ၊ ဒါပေမဲ့ ငါ့ကားက Macedies Benzမလို့ ဘာမှမဖြစ်သွားဘူးတဲ့"


"ဟင်! ဘယ်လိုကြီးလဲ"


"ငါ သူ့ကို နောက်တစ်ကြိမ် ထပ်တွေ့ဖူးပြီဆိုတော့ ဒီလောက်နဲ့ပဲ....."


"No....No....No.... လူကလေး နင့်ကိုငါ သူနဲ့ ထိပ်တိုက်တွေ့ပြီး မိတ်ဆက်ပေးမှကို ရတော့မှာ သိလား၊ မနက်ဖြန်ည ငါတို့ Entertainmentမှာ Dinnerရှိတယ်၊ နင်ငါနဲ့ လိုက်ခဲ့ရမယ်၊ ဒါပဲ ရင်ခုန်စရာ မကောင်းလိုက်တာ"


ယွန်းပြောသလို သူ ဒီအထိတောင် စွန့်စားပြီးနေပြီပဲ။ နောက်ထပ် သိကျွမ်းခွင့်ရရုံဆိုလဲ မနည်းပါဘူး။


ညီ အိမ်ပြန်ရောက်သည်အထိ ကတုန်ကယင်တွေ ဖြစ်နေသေးတာ တော်တော်နဲ့မပျောက်။ ညစာလည်း ကောင်းကောင်းမစားနိုင်လိုက်။ ညီ တစ်ကိုယ်ရည်သန့်ရှင်းပြီးတော့ အိပ်ရာထဲ ပစ်လှဲချ၍ အားသွင်းထားသည့်ဖုန်းကို ဖြုတ်ယူလိုက်သည်။ ယွန်းဆီက စာတစ်ချို့ ရောက်နေတာကလွဲပြီး ဘာမှ ထူးထူးခြားခြားမရှိ။


ထုံးစံအတိုင်း 'Nay Oo Thar' ဆိုသည့် နာမည်ကိုရိုက်ရှာကြည့်တော့ သူ့ Profileက ချက်ချင်းတက်လာသည်။ Profile ကတော့ အရင်လိုပဲ ဘာမှ မပြောင်းလဲပါ။ Suitအပြည့်ဝတ်ထားပြီး တည်တည်တံ့တံ့ လမ်းလျှောက်နေသည့်ပုံပါပဲ။ ညီ သူ့ Accountထဲ တိတ်တဆိတ်ဝင်ကြည့်ခဲ့တာ လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက ဖြစ်သည်။ သူ့ Relationship သတင်းကြားရပြီး နောက်ပိုင်းကျမှ သိပ်ဝင်မကြည့်ဖြစ်တော့တာ။


ယွန်း သူ့Entertainmentကို ရောက်သွားတော့ သူ့အကြောင်း အနည်းငယ် ပိုသိလာရပြန်သည်။ သူ့ Relationshipက ထင်သလောက် အားရစရာမရှိတဲ့ အကြောင်းနှင့် လောလောဆယ် Breakထားတဲ့အကြောင်း။ ပြီးတော့ သူ့Girlfriend က သူ့အနားကပ်တဲ့သူတွေကို စိတ်မဝင်စားတဲ့အကြောင်း။ မင်းသမီးက အဲလောက်တောင် Strongဖြစ်သတဲ့လား။


"Shit! ဘာဖြစ်သွားတာလဲ ဒါကြီးက"


ညီ့ မျက်လုံးအစုံပြူးကျယ်သွားပြီး အိပ်ရာကနေ ကြုံးထပစ်လိုက်မိသည်အထိ။ သူ တစ်ဖက်ကို Friend Request လုပ်မိသွားတာပဲ။ အချိန်မီ ပြန်ဖျက်ဖို့ လုပ်နေတုန်းမှာပဲ တစ်ဖက်က ချက်ချင်း Confirm လုပ်ပစ်လိုက်တာ ဖြစ်သည်။


ဘာအခြေအနေကြီးလဲကွာ။ သူကရော ဒီအချိန်ကြီး Facebookထဲ ဘာဝင်လုပ်တာတဲ့လဲ။ Friend Request ကို စက္ကန့်ပိုင်းအတွင်း လက်ခံပစ်လိုက်တာက လုံးဝ မထင်ရက်စရာကြီးမလား။ ချက်ချင်းဆိုသလို စာတစ်ကြောင်း တက်လာသည်။


'နာမည်က Swan Htet Nyi Nyi တဲ့လား၊ ကိုယ်သိနေတဲ့ ချာတိတ် ဖြစ်နေမလားလို့ပါ'


သူ ညီ့ကို ငယ်ငယ်ကဆုံခဲ့ဖူးတဲ့သူမှန်း သိနေခဲ့တာလား။ ညီက 12နှစ်အရွယ်ကတည်းက USမှာ ကျောင်းသွားတက်ခဲ့ရတာ ဖြစ်သည်။ ညီ USကို ကျောင်းသွားမတတ်ခင် နှစ်တွေမတုန်းက နှစ်သစ်ကူးရက်တွေကို မိသားစုနှင့်အတူ ဖြတ်သန်းခွင့်ရသည်။ တစ်ရက်က ကိုယ့်မိသားစုနဲ့အတူ နှစ်သစ်ကူးကြတာဖြစ်ပြီး နောက်တစ်ရက်က မိသားစုကြီးတွေ စုပေါင်းပြီး နှစ်သစ်ကူးကို ကြိုဆိုကြတာ ဖြစ်သည်။


ထိုမိသားစုတွေထဲတွင် သူ့မိသားစုလည်းပါဝင်၏။ ဖေဖေနှင့် သူ့ဖေဖေက စီးပွားရေး ပါတနာဖြစ်သည့်အပြင် တရုတ်လူမျိုးချင်းလည်း တူနေသဖြင့် ပို၍ အစေးကပ်ကြသည်။ ညီနှင့်ကိုကို့ကို သူနဲ့ မိတ်ဆတ်ပေးခဲ့စဥ်က ညီ့ကို သူပြောဖူးသည်။ 'မင်းက ခုကတည်းက စာဂျပိုးလေး ဖြစ်နေပြီလား'တဲ့။


'မနက်က Packingမှာ တွေ့ခဲ့တာ မင်းမှန်တယ် မလား၊ စွမ်းထက်ညီညီ'


ညီ့ရင်ထဲ ထိတ်ခနဲ တစ်ချက် ဖြစ်သွား၏။ သူလည်း ညီ့ကို ငယ်ငယ်က ကောင်လေးမှန်း တန်းမှတ်မိနေခဲ့တာပဲ။ သိရက်သားနဲ့ ကားပါကင်မှာ တွေ့တုန်းက ဘာလို့ တန်းမပြောတာလဲ။ ညီ သူ့ကို ဘာပြန်ပြောရမှန်း မသိပေ။ ဒါပေမဲ့ တစ်ခုခု ပြန်ပြောမှလည်း ကောင်းမည်ထင်၍.....


'ကျွန်တော်မှန်း ဘယ်လိုသိတာလဲ'


'မင်းမျက်နှာက မှတ်မိလွယ်ပါတယ်၊ မင်းက ငယ်ရုပ် မပျောက်သေးဘူး ခုထိ'


ငယ်ရုပ်က ဘာလို့မပျောက်ရမှာလဲ။ နုတာကို ကွယ်ဝိုက်ပြောသွားတာပဲ ဖြစ်ပါလိမ့်မည်။


'မနက်က မတော်တဆ'


'မင်းက စွမ်းထက်ညီညီ ဟုတ်တယ်မလား၊ မင်းအစ်ကို စွမ်းထက်ကိုကိုတောင် ကိုယ့်ထက် အများကြီး ငယ်သေးတာ'


'ကျွန်တော် 22'


'ချာတိတ်ပေါ့'


ညီ့ဘက်က ဒေါသထွက်ပြီး မဲ့နေသည့် စတစ်ကာတစ်ခုကို ချက်ချင်း ပြန်ပို့လိုက်လျှင်


'Sorry! ဟားဗတ် တက္ကသိုလ် ကျောင်းသားကြီးကို ချာတိတ်လို့ ပြောလိုက်မိတာပဲ"


'အဲလို မဟုတ်ပါဘူးဗျ'


'Why? မဟုတ်ဘူးလား၊ ကိုယ်သိတာ တစ်ခုခု မှားနေတာလား'


'အဲ့လိုလည်း မဟုတ်၊ မသိတော့ဘူးဗျာ'


'မင်းတော်ပါတယ်'တဲ့။ ဒါက သူနောက်ဆုံး ပို့ခဲ့တဲ့စာဖြစ်ပြီး ခဏအကြာ သူ့ Accက မီးစိမ်းလေး ပျောက်သွားသည်။ ညီ့ရင်ထဲမှာလည်း တစ်ခုခုက ချက်ချင်းလစ်ဟာသွားသ၏။ တစ်ခုတော့ ဖြည့်တွေ့လို့ရသည်။ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက တစ်ခါပဲ တွေ့ခဲ့ဖူးသည့်သူက သူမှန်း ချက်ချင်း မှတ်မိနေတာ။ ဒီအတိုင်းဆို အခြေအနေက မဆိုးပါဘူးပေါ့။


•••••••


2.June.2024

T B C


Note: ဒီတိုင်း ပေါ့ပေါ့ပါးပါး Miniလေးပါပဲရှင့်။ Gentleဖြစ်တဲ့ စတိုင် (Green Flagခေါ်မလား)ရေးရတာ အားမသန်တော့ အဆုံးထိ ခေါ်သွားနိုင်ပါ့မလားမသိ။ Red Flag‌ Guyက 7လပိုင်းလောက်မှ စဖြစ်မှာမလို့ ရာသီဥတုအေးအေးနဲ့ One Shotလေး တွေးဖြစ်ရာကနေ Miniလေးအဖြစ် Tryကြည့်ခြင်းပါရှင့်။ စပြီးရင် အဆုံးမသတ်နိုင်မှာကို အတော်လေး စိုးပါတယ်။ စပြီဆိုတော့ ရအောင် အဆုံးသတ်ပါ့မယ်ရှင်။

.

.

.

.

.

.

.

.

.

.

.

.

.

.

.

..

.

.



Let Hnaung know what you thought about this chapter!
Love this

75

Love this

Funny

2

Funny

Spicy

4

Spicy

Suspenseful

0

Suspenseful

Emotional

2

Emotional

Profound

10

Profound

Heartwarming

5

Heartwarming

Shocking

0

Shocking

Good Writing

13

Good Writing

Compelling Plot

5

Compelling Plot

Great Character

4

Great Character

Strong Dialog

16

Strong Dialog

View 10 previous comments…
author

နှောင်းနှောင်းရေကျွန်မရဲ့အချစ်ဆုံးလေးအုတ်တံတိုင်းတို့လဲတင်ပေးအုံးနော်😁😁😁😁😁

23 days
author

မ‌ရ ရတဲ့နေရာထိလိုက်လားတာ ဟိဟိ

22 days
author

အဟီးးဒီထိလိုက်လာတာကွ

11 days

Further Recommendations

Married by Fate

Fiona Walker: What a lovely story, I thoroughly enjoyed it.

Read Now
Alpha’s Claim

Read4Free16: Devotion, strength and trust all in creating a wonderful read

Read Now
Light at the End of the Track

Sarah: Not a totally original plot but well handled. I think Lucas would have been much more persistent possibly demanding legal access to his son.

Read Now
PARIS IN THE DARK

Sarah: I really enjoyed reading your story. It made me curious—after finishing this one, did it give you ideas for completely new projects, or do you usually like to take a break before starting another story?

Read Now
THE WOMAN HE BOUGHT

Jkind12: Great story but I didn’t like the gap of 4 years in the end! It’s like the writer quit.!

Read Now
Bloodlines

karenfancp: I have noticed a few typos, the story line is good. I can’t put this down.

Read Now
After Letting Go

Tephinas: This is a very great novel. I really enjoyed reading it and I am definitely looking forward to reading more of the author's novels. I just wish it was a bit longer.

Read Now
[Moving to Galatea] What We Never Healed

zpnkhz4h9k: Omg I can’t believe I cried 😭 I love it and I don’t want it to end

Read Now
The Luna He Threw Away

Dru Faith: This was an incredibly beautiful positive story. Tavon reminded me very much of my late husband. Thank you❤️

Read Now