Customize readability
Aa

One Beating Heart for a Painted Plaster

All Rights Reserved ©

Summary

မြို့ထဲမှာ ကြားရလေ့ရှိတဲ့ကောလဟလတွေကတော့ အများကြီးပဲ။ အကြောင်းအရာမျိုးစုံ ၊ အသံမျိုးစုံ ၊ ထိတ်လန့်စရာမျိုးစုံ။

Genre
Horror/Lgbtq
Author
Hyuuee
Status
Ongoing
Chapters
1
Rating
n/a
Age Rating
18+

Prologue

တဟုန်းဟုန်းတောက်လောင်နေသည့် မီးများ....။

ပတ်ဝန်းကျင်တစ်ခုလုံးကို လိမ္မော်ရောင်ရင့်ရင့်က လွှမ်းမိုးထားလေ၏။

အပူရှိန်က လေထုကိုပင် ပုံပျက်ရှုံ့တွသွားစေကာ မြင်ကွင်းတစ်ခုလုံးကို ဝေဝေဝါးဝါးအဖြစ်သို့ ပြောင်းလဲပစ်နေသည်။

ထိုအပူရှိန်အောက်တွင် သူငြိမ်သက်စွာ ရပ်နေမိ၏။ သူ၏ ခြေထောက်များမှာ ကြမ်းပြင်နှင့် ကပ်ငြိနေသကဲ့သို့ပင်....။

အလွန်အမင်း လေးလံလွန်းနေပြီး ရွေ့လျား၍မရ ၊ လက်ဖျားများကမူ မည်သည့်အရာကိုမျှ ဆုပ်ကိုင်ထားနိုင်ခြင်းမရှိ။ အေးစက်ဖြူဖျော့လျက်သာ။

ထိတ်လန့်ခြင်းသာ အတွင်းစိတ်မှာ ကြီးစိုးနေလေ၏။

လေထုထဲတွင် အသက်ရှူရသည်မှာ ခက်ခဲစပြုလာပြီ။ မီးလောင်ကျွမ်းနေသော သစ်သားနံ့၊ အဝတ်များကို လောင်ကျွမ်းသော ညှော်စော် ၊ အသားများကို ကြပ်တိုက်နေသလို အော်ဂလီဆန်ဖွယ် အနံ့တို့နှင့်အတူ ထူးဆန်းစွာ စူးရှနေသည့် ချိုမြိန်သော အနံ့တစ်မျိုး...။

၎င်းတို့က နှာခေါင်းထဲမှတစ်ဆင့် လည်ချောင်းတွင်းအထိ လျှင်မြန်စွာ တိုးဝင်လာပြီး ရင်ဘတ်တစ်ခုလုံး အပြည့် မွန်းကြပ်လာ၏။ ခန်းမတွင်း လေထုက ညစ်ညမ်းသွား၍ အသက်ရှူ မဝတော့ပါ။

ဆူညံနေသော ၊ ရုန်းရင်းဆန်ခတ်ဖြစ်နေသော ဘေးပတ်ဝန်းကျင်။

အသက်လုပြေးလွှားနေသော လူအုပ်ကြီးမှ ခြေသံများ၊ လူမျိုးစုံ၏ ထိတ်လန့်တကြား အော်ဟစ်သံများ နှင့် ပိတ်မိနေသည့် တံခါးများကို အတင်းအကြပ် ထိုးဖောက်ရိုက်ချိုးနေသံများ....။

နားစည်တွင်းထိ ဆူညံနေ၏။

တစ်စုံတစ်ယောက်က သူ့ဘေးမှ သုတ်ခြေတင် ပြေးလွှားသွားသည်။ ထိုစဉ် အင်္ကျီစောင်းအစွန်းစက သူ့လက်မောင်းကို ခပ်ကြမ်းကြမ်း ပွတ်တိုက်သွားသော်လည်း သူ မည်သည့်တုံ့ပြန်မှုမျှ မလုပ်နိုင်။

အလွန်အမင်းထိတ်လန့်နေ၍ လှုပ်ရှား၍မရ။

သူ့ရှေ့မှ စင်မြင့်ကြီးကတော့ မီးတောက်တို့၏ ဝါးမျိုမှုကို ခံနေရပြီ။ အပေါ်မှ လျှောကျလာသည့် မီးစွဲနေသော လိုက်ကာအပိုင်းအစများက မွန်းတည့်နေရောင်ကဲ့သို့ စူးရှနေလေ၏။

ကန့်လန့်ကာကြီးသည်လည်း တစ်ဖက်ခြမ်းတွင်သာ ကပ်သီးကပ်သတ် ချိတ်တွယ်ကျန်ရစ်လျက်။

တလိပ်လိပ်တက်လာသော မီးခိုးလုံးမည်းမည်းကြီးများက စင်မြင့်ထက်က နေရာလွတ်များဆီသို့ မြွေဟောက်များအလား လိမ်တက် ဝင်ရောက်သွားကြသည်။

သို့သော် သူ၏ မျက်လုံးများက ထိုထိတ်လန့်ဖွယ်ရာ စင်မြင့်ဆီသို့ အကြည့်မမြဲ ၊ ပရိသတ်ခုံတန်းများဆီသို့ မရည်ရွယ်ဘဲ လှည့်သွားမိသည်။

အသေအလဲ ပြေးထွက်နေကြသည့် လူအုပ်ကြီး၏ လှိုင်းလုံးများကြား ကျောက်ရုပ်တစ်ရုပ်လို အေးဆေးစွာ ထိုင်နေသည့် လူတစ်ယောက်။

ခုံတန်းများ၏ အလယ်ဗဟို၊ မီးဆိုင်းတို့ ပျက်ကျကာ မှောင်ရိပ်ကျနေသည့် နေရာ၊ ထိုလူက ငြိမ်သက်စွာ နေရာယူထားသည်။

အညိုရောင် အဝတ်အစားများက အစွန်းအထင်းမရှိ သေသပ်လျက် ၊ လက်နှစ်ဖက်ကို ဒူးပေါ်တွင် စနစ်တကျ တင်ထားသည်။ မျက်မှန်ပါး နောက်ကွယ်မှ မျက်ဝန်းများဖြင့် သူ့ကို တည့်တည့်မတ်မတ် စိုက်ကြည့်နေလေ၏။

ပတ်ဝန်းကျင်တစ်ခုလုံး မီးတောက်များက ဆိုးသွမ်းစွာ တောက်လောင်နေသည်။ လူများမှာ သတိမကပ်နိုင်လောက်အောင် အော်ဟစ်ငိုယိုနေကြသော်လည်း ထိုလူကတော့ တစ်ချက်ကလေးမျှ မလှုပ်ရှား။

ပို၍ ထူးဆန်းသည်မှာ ထိုလူ၏ နှုတ်ခမ်းထောင့်တွင် ခိုနားနေသည့် အပြုံးဖြစ်၏။

ထိုအပြုံးက ကြောက်စရာကောင်းမနေ ၊ ဝမ်းသာအားရ ဖြစ်နေသည့် အသွင်လည်း မဆောင်။

အလွန်အမင်း တည်ငြိမ်လွန်းလျက် ၊ နှစ်ပေါင်းများစွာကတည်းက သိကျွမ်းနေသည့် လူတစ်ယောက်လို ရင်းနှီးစွာ ပြုံးနေခြင်းသာ ဖြစ်သည်။

"--"

ထိုလူ၏ နှုတ်ခမ်းတို့ လှုပ်ရှားသွားသော်လည်း သူဘာမှမကြားရပါ။ အရာအားလုံးက မီးခိုးငွေ့များကြားတွင် အသံလုံမှန်ချပ်တစ်ခုနောက် ရောက်သွားသလိုပင်။

ထိုတစ်ခဏမှာ...၊

ကျွမ်းလောင်နေသည့် သစ်သားတန်းကြီးတစ်ခုက အပေါ်မှ ပြိုကျလာ၏။ ပြင်းထန်လွန်းသော အပူရှိန်က အရေပြားဆီသို့ တိုက်ရိုက် လာရောက်ထိတွေ့ကာ လောင်ကျွမ်းလိုက်သည့် အချိန်တွင်တော့ သူနာကျင်စွာဖြင့် မျက်လုံးများကို အတင်းမှိတ်လိုက်ရပါတော့သည်။


tiny note: draft အဆင့်ပဲရှိသေးတဲ့အတွက် အမှားများစွာ ၊ plot hole များစွာ ပါဝင်နိုင်ပါတယ်။




တဟုန္းဟုန္းေတာက္ေလာင္ေနသည့္ မီးမ်ား....။

ပတ္ဝန္းက်င္တစ္ခုလုံးကို လိေမၼာ္ေရာင္ရင့္ရင့္က လႊမ္းမိုးထားေလ၏။

အပူရွိန္က ေလထုကိုပင္ ပုံပ်က္ရႈံ႕တြသြားေစကာ ျမင္ကြင္းတစ္ခုလုံးကို ေဝေဝဝါးဝါးအျဖစ္သို႔ ေျပာင္းလဲပစ္ေနသည္။

ထိုအပူရွိန္ေအာက္တြင္ သူၿငိမ္သက္စြာ ရပ္ေနမိ၏။ သူ၏ ေျခေထာက္မ်ားမွာ ၾကမ္းျပင္ႏွင့္ ကပ္ၿငိေနသကဲ့သို႔ပင္....။

အလြန္အမင္း ေလးလံလြန္းေနၿပီး ေ႐ြ႕လ်ား၍မရ ၊ လက္ဖ်ားမ်ားကမူ မည္သည့္အရာကိုမွ် ဆုပ္ကိုင္ထားနိုင္ျခင္းမရွိ။ ေအးစက္ျဖဴေဖ်ာ့လ်က္သာ။

ထိတ္လန႔္ျခင္းသာ အတြင္းစိတ္မွာ ႀကီးစိုးေနေလ၏။

ေလထုထဲတြင္ အသက္ရႉရသည္မွာ ခက္ခဲစျပဳလာၿပီ။ မီးေလာင္ကြၽမ္းေနေသာ သစ္သားနံ႕၊ အဝတ္မ်ားကို ေလာင္ကြၽမ္းေသာ ေညွာ္ေစာ္ ၊ အသားမ်ားကို ၾကပ္တိုက္ေနသလို ေအာ္ဂလီဆန္ဖြယ္ အနံ႕တို႔ႏွင့္အတူ ထူးဆန္းစြာ စူးရွေနသည့္ ခ်ိဳၿမိန္ေသာ အနံ႕တစ္မ်ိဳး...။

၎တို႔က ႏွာေခါင္းထဲမွတစ္ဆင့္ လည္ေခ်ာင္းတြင္းအထိ လွ်င္ျမန္စြာ တိုးဝင္လာၿပီး ရင္ဘတ္တစ္ခုလုံး အျပည့္ မြန္းၾကပ္လာ၏။ ခန္းမတြင္း ေလထုက ညစ္ညမ္းသြား၍ အသက္ရႉ မဝေတာ့ပါ။

ဆူညံေနေသာ ၊ ႐ုန္းရင္းဆန္ခတ္ျဖစ္ေနေသာ ေဘးပတ္ဝန္းက်င္။

အသက္လုေျပးလႊားေနေသာ လူအုပ္ႀကီးမွ ေျခသံမ်ား၊ လူမ်ိဳးစုံ၏ ထိတ္လန႔္တၾကား ေအာ္ဟစ္သံမ်ား ႏွင့္ ပိတ္မိေနသည့္ တံခါးမ်ားကို အတင္းအၾကပ္ ထိုးေဖာက္ရိုက္ခ်ိဳးေနသံမ်ား....။

နားစည္တြင္းထိ ဆူညံေန၏။

တစ္စုံတစ္ေယာက္က သူ႕ေဘးမွ သုတ္ေျခတင္ ေျပးလႊားသြားသည္။ ထိုစဥ္ အကၤ်ီေစာင္းအစြန္းစက သူ႕လက္ေမာင္းကို ခပ္ၾကမ္းၾကမ္း ပြတ္တိုက္သြားေသာ္လည္း သူ မည္သည့္တုံ႕ျပန္မႈမွ် မလုပ္နိုင္။

အလြန္အမင္းထိတ္လန႔္ေန၍ လႈပ္ရွား၍မရ။

သူ႕ေရွ႕မွ စင္ျမင့္ႀကီးကေတာ့ မီးေတာက္တို႔၏ ဝါးမ်ိဳမႈကို ခံေနရၿပီ။ အေပၚမွ ေလွ်ာက်လာသည့္ မီးစြဲေနေသာ လိုက္ကာအပိုင္းအစမ်ားက မြန္းတည့္ေနေရာင္ကဲ့သို႔ စူးရွေနေလ၏။

ကန႔္လန႔္ကာႀကီးသည္လည္း တစ္ဖက္ျခမ္းတြင္သာ ကပ္သီးကပ္သတ္ ခ်ိတ္တြယ္က်န္ရစ္လ်က္။

တလိပ္လိပ္တက္လာေသာ မီးခိုးလုံးမည္းမည္းႀကီးမ်ားက စင္ျမင့္ထက္က ေနရာလြတ္မ်ားဆီသို႔ ေႁမြေဟာက္မ်ားအလား လိမ္တက္ ဝင္ေရာက္သြားၾကသည္။

သို႔ေသာ္ သူ၏ မ်က္လုံးမ်ားက ထိုထိတ္လန႔္ဖြယ္ရာ စင္ျမင့္ဆီသို႔ အၾကည့္မၿမဲ ၊ ပရိသတ္ခုံတန္းမ်ားဆီသို႔ မရည္႐ြယ္ဘဲ လွည့္သြားမိသည္။

အေသအလဲ ေျပးထြက္ေနၾကသည့္ လူအုပ္ႀကီး၏ လွိုင္းလုံးမ်ားၾကား ေက်ာက္႐ုပ္တစ္႐ုပ္လို ေအးေဆးစြာ ထိုင္ေနသည့္ လူတစ္ေယာက္။

ခုံတန္းမ်ား၏ အလယ္ဗဟို၊ မီးဆိုင္းတို႔ ပ်က္က်ကာ ေမွာင္ရိပ္က်ေနသည့္ ေနရာ၊ ထိုလူက ၿငိမ္သက္စြာ ေနရာယူထားသည္။

အညိုေရာင္ အဝတ္အစားမ်ားက အစြန္းအထင္းမရွိ ေသသပ္လ်က္ ၊ လက္ႏွစ္ဖက္ကို ဒူးေပၚတြင္ စနစ္တက် တင္ထားသည္။ မ်က္မွန္ပါး ေနာက္ကြယ္မွ မ်က္ဝန္းမ်ားျဖင့္ သူ႕ကို တည့္တည့္မတ္မတ္ စိုက္ၾကည့္ေနေလ၏။

ပတ္ဝန္းက်င္တစ္ခုလုံး မီးေတာက္မ်ားက ဆိုးသြမ္းစြာ ေတာက္ေလာင္ေနသည္။ လူမ်ားမွာ သတိမကပ္နိုင္ေလာက္ေအာင္ ေအာ္ဟစ္ငိုယိုေနၾကေသာ္လည္း ထိုလူကေတာ့ တစ္ခ်က္ကေလးမွ် မလႈပ္ရွား။

ပို၍ ထူးဆန္းသည္မွာ ထိုလူ၏ ႏႈတ္ခမ္းေထာင့္တြင္ ခိုနားေနသည့္ အၿပဳံးျဖစ္၏။

ထိုအၿပဳံးက ေၾကာက္စရာေကာင္းမေန ၊ ဝမ္းသာအားရ ျဖစ္ေနသည့္ အသြင္လည္း မေဆာင္။

အလြန္အမင္း တည္ၿငိမ္လြန္းလ်က္ ၊ ႏွစ္ေပါင္းမ်ားစြာကတည္းက သိကြၽမ္းေနသည့္ လူတစ္ေယာက္လို ရင္းႏွီးစြာ ၿပဳံးေနျခင္းသာ ျဖစ္သည္။

"--"

ထိုလူ၏ ႏႈတ္ခမ္းတို႔ လႈပ္ရွားသြားေသာ္လည္း သူဘာမွမၾကားရပါ။ အရာအားလုံးက မီးခိုးေငြ႕မ်ားၾကားတြင္ အသံလုံမွန္ခ်ပ္တစ္ခုေနာက္ ေရာက္သြားသလိုပင္။

ထိုတစ္ခဏမွာ...၊

ကြၽမ္းေလာင္ေနသည့္ သစ္သားတန္းႀကီးတစ္ခုက အေပၚမွ ၿပိဳက်လာ၏။ ျပင္းထန္လြန္းေသာ အပူရွိန္က အေရျပားဆီသို႔ တိုက္ရိုက္ လာေရာက္ထိေတြ႕ကာ ေလာင္ကြၽမ္းလိုက္သည့္ အခ်ိန္တြင္ေတာ့ သူနာက်င္စြာျဖင့္ မ်က္လုံးမ်ားကို အတင္းမွိတ္လိုက္ရပါေတာ့သည္။



tiny note: draft အဆင့္ပဲရွိေသးတဲ့အတြက္ အမွားမ်ားစြာ ၊ plot hole မ်ားစြာ ပါဝင္နိုင္ပါတယ္။




Let Hyuuee know what you thought about this chapter!
Love this

1

Love this

Funny

0

Funny

Spicy

0

Spicy

Suspenseful

0

Suspenseful

Emotional

0

Emotional

Profound

0

Profound

Heartwarming

0

Heartwarming

Shocking

0

Shocking

Good Writing

0

Good Writing

Compelling Plot

0

Compelling Plot

Great Character

0

Great Character

Strong Dialog

0

Strong Dialog

author

update when??? 🩵✨

8 months

Further Recommendations

Our third chance

VD: Quick read. Cute story. Good writing. Smooth flow.

Read Now
The Contract Wife

Lynne: Beautiful story very enjoyable.well done.

Read Now
Take the reins

April: Fantastic book! I could not put it down!

Read Now
Ruthless Lord

Bethel Stephanie: This was a beautiful story I can't believe I finished book 1, I cant wait for book 2, it's beautiful. The story abd characters are beautiful 💕💕💕

Read Now
We Only Fake It on the Weekends

TopazHorizon: What a sweet love story! I loved all the little stories from their childhood and teenhood. It really gave depth to their very fast love story. It made sense! I love how their parents were part of the story, too. I love how Theo is so gentle with her, like she's fragile... And yet so bossy in bed hah...

Read Now
A Blessing in Disguise

Ingibabes511: Beautiful storytelling, too short but crafted wonderfully, your ability to draw us in with just a few short descriptive nuances and I for one would not be unhappy if you decided to make this into a series following their lives, where we learn more about her goddess given talents and if they have pup...

Read Now
The Cleanup Girl: A Dark Mafia Romance

Ind2026: Mafia leader admitting his fear of his own death due to lung failure because of his smoking habit and trying to get rid of that habit and creating origami out of cigarette cover silver papers, and the enemy seeking revenge for his grandson's death behaving nicely while keeping her as captive. Him tr...

Read Now
Death's Shadow MC Book 1

Elizabeth Diaz: Live lived the whole book it kept me awake and none stop reading loved it. Thank you

Read Now
My Fake Straight Boyfriend

emily: I love the characters in this book The sassy sister the two friends and the jealous girlfriend. I love how the suspense builds the idea of going from friendship to love is also a plus. I picked this book because of the title and I'm glad I did I was not disappointed.

Read Now