Customize readability
Aa

Strawberry Didn't Leave

All Rights Reserved ©

Summary

သုံးနှစ်တာ ကိုမာဝင်ပြီး နိုးထလာတဲ့ ရွက်ဝါထင် ရဲ့ နေ့ရက်တွေက သာမန်လိုမဟုတ်တော့ဘူး။ သူ့ရဲ့ အသိစိတ်ဟာ လတ်ဆတ်တက်ကြွမှုတို့အစား မတော်တဆမှုပြီးနောက် ကျန်ရစ်ခဲ့သည့် ထုံကျင်မှု တို့သာ ပြည့်နေခဲ့သည်။ မီးဖိုနီမြို့မှာ ဘဝသစ်တစ်ခု ရှာတွေ့ဖို့ကို သူ မမျှော်လင့်ထားခဲ့ပေ။

Genre
Romance
Author
Hyuuyn
Status
Ongoing
Chapters
1
Rating
n/a
Age Rating
16+

Chapter 1

ကားတံခါး ပိတ်လိုက်သံက တိတ်ဆိတ်သော လမ်းကြားလေးအတွင်း ဟိန်းထွက်သွားသည်။ ကျောက်စရစ်ခဲ ခင်းထားသော ကားဝင်လမ်းပေါ်၌ သူ ငြိမ်သက်စွာ ရပ်နေခဲ့သည်။ သူ၏ ခြေထောက်ဘေး‌ရှိ မြေပြင်ပေါ်၌ တစ်ခုတည်းသော အပြာရောင် ခရီးဆောင်အိတ်က တည်ရှိနေ၏။

အဝတ်အစား ၊ မဖတ်ရသေးသော ဝတ္ထုစာအုပ်တို့ နှင့် တကိုယ်ရည်သုံးပစ္စည်း အနည်းငယ် ပါယုံမျှသာ။ ထူးထူးခြားခြားတော့မရှိပေ။

သူ ရှေ့တည့်တည့်က အိမ်ကြီးကို မော့ကြည့်လိုက်တော့ ထိုအိမ်ကြီးက သာမန် အုတ်၊ သဲ၊ ခဲများဖြင့် ဆောက်လုပ်ထားယုံ အဆောက်အအုံတစ်ခုမျှ မဟုတ်ဘဲ ကိုယ်ပိုင်ဝိညာဉ်တစ်ခု ရှိနေသလို ခံစားရ‌စေသည်။

ထောပတ်ဝါရောင် ခပ်ဖျော့ဖျော့ ဆေးသုတ်ထားသော ထိုအိမ်က မျိုးဆက်ပေါင်းများစွာ၏ အငွေ့အသက်တို့ကို ထမ်းပိုးထားရ၍ အနည်းငယ် ခေတ်နောက်ကျနေသော်လည်း ညနေခင်း နေရောင်အောက်သက်သောင့်သက်သာ အသက်ရှူနေသယောင် ရှိ၏။

ဝရံတာတလျောက် အရွက်အပြည့် အစိမ်းရောင် အပင်များက တွဲလွဲခိုကာ ထောပတ်ဝါရောင်နှင့် ပနံသင့်စွာ တည်ရှိနေလျက်။ ထို အပင်တို့က အိမ်၏ အိုဟောင်းမှုကို တစ်စိတ်တစ်ပိုင်း လျော့ချပေးသယောင် အမြင်က အတော်လှ၏။

နေကြာခင်းများ....။

ထိုအိမ်ကို ကျော်လွန် ငေးကြည့်လိုက်ပါက အိမ်အနောက်မှ ဟိုးအဝေး မိုးကုတ်စက်ဝိုင်းအထိ ပြန့်နှံ့သွားသော နေကြာခင်းကြီးများကို တွေ့ရသည်။

အဝါရောင်တောက်တော် နေကြာပန်းတို့ဟာ ခေါင်းကလေးများကို အောက်သို့ ငိုက်စိုက်ချထားကြ၏။ သူ့အမြင်တွင် တစ်စုံတစ်ဦးကို ဝတ်ပြုဆုတောင်းနေကြသည့်နှယ်။

တိုက်ခတ်လာသော လေက အတော်လေး အေးမြသည်။ လေကြောင့် သူ့ ဆံပင်များပါ အနည်းငယ် ဖရိုဖရဲဖြစ်သွားရ၏။

ဤနေရာပတ်လည် လေထုက မြို့ပြနှင့် ကွဲပြားပြီး ထူးခြားသော ခံစားမှုကို ပေး၏။

လတ်ဆတ်သည် ၊ သစ်လွင်သည်။ ပြီးတော့ အသက်ဝင်လွန်းသည်။

မီးဖိုထဲက ထုတ်ယူခါစ ပေါင်မုန့်အနံ့ ခပ်သင်းသင်းလေး ၊ နေရှိန်ကြောင့် ထွက်လာသော ပူနွေးနွေး မြေဆီလွှာအနံ့။ ၎င်းတို့ နှစ်ခု ရောယှက်ကာ ဖြစ်တည်လာသည့် လတ်လတ်ဆတ်ဆတ် ရနံ့သစ်တစ်ခုက သူ့နှားသီးဖျားထိပ်သို့ လာရောက်ဝေ့ဝဲ၏။

ဆန်းသစ်လိုက်တာ...သူ တွေးမိလိုက်သည်။

ဤဒေသက မီးဖိုနီမြို့....။ သူ့အဖွား မေသီချို၏ မိသားစုအိမ်။

ဤနေရာကို ပြောင်းရွေ့လာခြင်းက သူ၏ နာကျင်မှုများကို လျော့ပါးစေ မလား။ သူ မျှော်လင့်မိသည်။





.

.


.










.




.






.




.






.









.

Let Hyuuyn know what you thought about this chapter!
Love this

0

Love this

Funny

0

Funny

Spicy

0

Spicy

Suspenseful

0

Suspenseful

Emotional

0

Emotional

Profound

0

Profound

Heartwarming

0

Heartwarming

Shocking

0

Shocking

Good Writing

0

Good Writing

Compelling Plot

0

Compelling Plot

Great Character

0

Great Character

Strong Dialog

0

Strong Dialog